မာတိကာသို့ ခုန်သွားရန်

ဆာလ်ဗဒေါမြို့ ၊ ဘာဟီယာ

ဝီကီပီးဒီးယား မှ
ဆာလ်ဗဒေါမြို့
Salvador
စည်ပင်သာယာနယ်နိမိတ်
Município de Salvador
ဆာလ်ဗဒေါ စည်ပင်သာယာ နယ်နိမိတ်
ထိပ်မှစ၍ လက်ယာရစ် ။ ပယ်လိုရင်ညိုအရပ်အား လူမည်းများအတွက် ရိုစရီမယ်တော်၏ တတိယအဆင့် ဘုရားကျောင်းနှင့် အတူ တွေ့ရပုံ။ ကော်မာရှိုး ရပ်ကွက်မှ မြင်ရသော လာဆားဒါး ဓာတ်လှေကား။ ဘာရာ မီးပြတိုက်။ သူတော်စင်အားလုံး၏ ပင်လယ်အော်မှ မြင်ရသော သမိုင်းဝင် ဌာန။ ဘာဟီယာ လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်းများအတွက် အထိမ်းအမှတ် အဆောက်အဦးများ။ ပွန်တာ ဒီ ဆန်တို အန်တိုနီယို နှင့် ဘာရာခရိုင်တို့၏ မြင်ကွင်းကျယ်
ထိပ်မှစ၍ လက်ယာရစ် ။ ပယ်လိုရင်ညိုအရပ်အား လူမည်းများအတွက် ရိုစရီမယ်တော်၏ တတိယအဆင့် ဘုရားကျောင်းနှင့် အတူ တွေ့ရပုံ။ ကော်မာရှိုး ရပ်ကွက်မှ မြင်ရသော လာဆားဒါး ဓာတ်လှေကား။ ဘာရာ မီးပြတိုက်။ သူတော်စင်အားလုံး၏ ပင်လယ်အော်မှ မြင်ရသော သမိုင်းဝင် ဌာန။ ဘာဟီယာ လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်းများအတွက် အထိမ်းအမှတ် အဆောက်အဦးများ။ ပွန်တာ ဒီ ဆန်တို အန်တိုနီယို နှင့် ဘာရာခရိုင်တို့၏ မြင်ကွင်းကျယ်
ဆာလ်ဗဒေါမြို့ Salvador၏ အလံတော်
အလံတော်
ဆာလ်ဗဒေါမြို့ Salvador၏ တံဆိပ်တုံး
စည်းတံဆိပ်
နာမည်ပြောင်(များ): Roma Negra (အနက်ရောင် ရောမမြို့) နှင့် ဆိုတဲယိုပိုလစ်
Location of Salvador in the State of Bahia
Location of Salvador in the State of Bahia
နိုင်ငံ ဘရာဇီး
ဒေသအရှေ့မြောက်ဒေသ
ပြည်နယ် ဘာဟီယာပြည်နယ်
တည်ထောင်ခြင်း၁၅၄၉၊ မတ်လ ၂၉ရက်
ဧရိယာ
 • စည်ပင်သာယာနယ်နိမိတ်၆၉၃ စတုရန်းကီလိုမီတာ (၂၆၈ စတုရန်းမိုင်)
 • ရေထု၆၆,၉၁ စတုရန်းကီလိုမီတာ (၂၅၈၃ စတုရန်းမိုင်)
 • မြို့ပြကြီး၄၃၇၅,၁၂၃ စတုရန်းကီလိုမီတာ (၁၆၈၉၂၄၄ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈ မီတာ (၂၆ ပေ)
လူဦးရေ (2018)
 • စည်ပင်သာယာနယ်နိမိတ်၂၈၅၇၃၂၉ (၄rd)
 • သိပ်သည်းမှု၄၁၈၇/km (၁၀၈၄၀/sq mi)
 • မြို့ပြကြီး၃,၉၁၉,၈၆၄ (၇th)[][][]
 • မြို့ပြကြီး သိပ်သည်းမှု၈၉၁,၃/km (၂၃၀၈၀/sq mi)
Demonym(s)Portuguese: Soteropolitano English: Soteropolitan
အချိန်ဇုန်BST (UTC-3)
Postal Code40000-000
ဧရိယာကုဒ် 55 71
ဝက်ဘ်ဆိုဒ်www.salvador.ba.gov.br
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တရားဝင်အမည်ဆာလ်ဗဒေါ ဒီ ဘာဟီးယာ သမိုင်းဝင်ဌာန
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှု: (iv)(vi)
ရည်ညွှန်း309

ဆာလ်ဗဒေါမြို့ အား ဆော ဆာလ်ဗဒေါ ဒါ ဘာဟီယာ ဒီ တိုဒို့စ် အော့စ် ဆန်တော့စ် ("ပင်လယ်အော်မှ သူတော်စင်အပေါင်း၏ မြင့်မြတ်သော ကယ်တင်ရှင်" ဟု အဓိပ္ပာယ်ရသည်။) ဟုလည်း ခေါ်ကြပြီး ဘရာဇီးနိုင်ငံ ဘာဟီယာပြည်နယ်၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၂.၉ သန်း (၂၀၁၇ ခုနှစ်) ရှိပြီး ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ကာ ဆောပိုလိုမြို့ရီယို ဒီ ဂျီးနေးရိုးမြို့ဘရာစေးလေးယားမြို့ တို့ပြီးလျှင် ဘရာဇီးနိုင်ငံတွင် စတုတ္ထမြောက် အကြီးဆုံး မြို့ ဖြစ်သည်။

ပေါ်တူဂီအင်ပိုင်ယာမှ ၁၅၄၉ ခုနှစ်တွင် ဘရာဇီးကိုလိုနီနိုင်ငံ၏ ပထမဆုံး မြို့တော် အဖြစ်တည်ထောင်ခဲ့ပြီး ဆာလ်ဗဒေါသည် အမေရိကားရှိ ရှေးအကျဆုံး ကိုလိုနီမြို့တော်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မတ်စောက်ပြီး ၈၅ မီတာ (၂၇၉ ပေ) အမြင့်ရှိသော တောင်စောင်းတစ်ခုက မြို့အနိမ့်ပိုင်း နှင့် မြို့အမြင့်ပိုင်းကို ပိုင်းခြားထားသည်။ ဘရာဇီးနိုင်ငံ၏ ပထမဆုံး ဓာတ်လှေကားဖြစ်သော "အယ်လီဗေဒါ လာဆားဒါး" က မြို့ အပိုင်းနှစ်ပိုင်းကို ၁၈၇၃ ခုနှစ်ကတည်းက ဆက်သွယ်ပေးထားသည်။ မြို့အမြင့်ပိုင်းရှိ ပယ်လိုရင်ညို ရပ်ကွက်တွင် ပေါ်တူဂီ ကိုလိုနီခေတ်၏ ဗိသုကာ လက်ရာ နှင့် သမိုင်းဝင် အထိမ်းအမှတ် အဆောက်အဦးများ အများအပြား ရှိနေသေးသဖြင့် ၁၉၈၅ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။ မြို့တော်၏ ကသီဒရယ် ဘုရားရှိခိုးကျောင်းသည် ပရိုင်းမိတ်အော့ဖ် ဘရာဇီး ဘွဲ့ခံယူထားသော ဘစ်ရှော့ ကျောင်းထိုင်ရာ နေရာဖြစ်ပြီး ၎င်း၏ ကာနီဗယ် ပွဲတော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပါတီအဖြစ် သိရှိကြသည်။ ဆာလ်ဗဒေါသည် အမေရိကားတိုက်သို့ ပထမဆုံးသော ကျွန်တို့ ရောက်ရှိရာ ဆိပ်ကမ်းတစ်ခု ဖြစ်သဖြင့် ကျွန်တို့မှ ဆင်းသက်သော အာဖရိကသားတို့၏ လွှမ်းမိုးမှုကြောင့် အာဖရို-ဘရာဇီလေးယန်း (နီဂရိုး) ယဉ်ကျေးမှု၏ ဗဟိုချက်မ တစ်ခု ဖြစ်သည်။ မြို့တော်သည် ဟင်းလျာများ၊ ဂီတ၊ အက နှင့် ဗိသုကာ ပညာတို့ကြောင့် ထင်ရှားသည်။ ပေါ်တို ဒါ ဘားရာ ပင်လယ်ကမ်းစပ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ပင်လယ်ကမ်းခြေ တစ်ခု အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ၂၀၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့် ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလား ဘောလုံးပြိုင်ပွဲတို့တွင် မြို့တော်ရှိ အီတာအီပါဗာ အေရီနာ ဖွန်တီနိုဗာ အားကစားရုံသည် ပြိုင်ပွဲကျင်းပရာ နေရာတစ်ခု ဖြစ်ခဲ့သည်။

ဆာလ်ဗဒေါမြို့သည် ဘရာဇီး၏ ကြွယ်ဝချမ်းသာသော စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း သင်္ဘောလုပ်ငန်း ဆိုင်ရာ ရပ်ကွက်တစ်ခု ဖြစ်သော ရီကွန်ကာဗို တည်ရှိရာ မြို့လည်း ဖြစ်ပြီး ဘရာဇီး၏ အဓိက ဆိပ်ကမ်းမြို့တစ်ခု အဖြစ် ဆက်လက်တည်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် လူဦးရေ ၃,၈၉၉,၅၃၃ ဦး နေထိုင်သော မက်ထရိုပိုလစ်တန် ဒေသသည် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အကြွယ်ဝဆုံး ဒေသတစ်ခု ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Primeiros resultados do Censo 2010 (in pt)။ Instituto Brasileiro de Geografia e Estatística။ 14 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2019 တွင် ပြန်စစ်ပြီး။
  2. População residente, por situação do domicílio e sexo - Aglomerados urbanos - BrasilBrazilian Institute of Geography and Statistics။ 12 June 2014 တွင် ပြန်စစ်ပြီး။
  3. Confira o ranking das maiores regiões metropolitanas Archived 13 April 2015 at the Wayback Machine.