စောင်းလျားပင်
Averrhoa carambola | |
---|---|
Carambolas still on the tree | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Oxalidales |
မျိုးရင်း: | Oxalidaceae |
မျိုးစု: | Averrhoa |
မျိုးစိတ်: | A. carambola
|
ဒွိနာမ | |
Averrhoa carambola |
စောင်းလျားပင်သည် အပင်ငယ်မျိုးဖြစ်၏။ ရုက္ခဗေဒအမည်မှာ 'အဗားဟိုးအား ကရမ် ဗိုလာ'ဖြစ်၏။ အရွက်များသည် ရွက်ခြားပေါက်ကြသည်။ ပန်းပွင့်ကလေး များသည် ငယ်၍ ညီညာသည်။ အရောင်မှာ ခရမ်းရောင်နု ဖြစ်သည်။ အသီးအရောင်မှာ ပယင်းရောင်ရင့်ဖြစ်သည်။ အသီး ၌ စောင်းများပါရှိရာ ပိုင်းဖြတ်ကြည့်က ကြယ်ပုံသဏ္ဌာန် ပေါ် သည်။ အင်္ဂလိပ်ဘာသာဖြင့် ကြယ်သစ်သီး (star fruit) ဟု ခေါ်ဆိုသည်။[၁][၂] စောင်းလျားပင်ကို မည်သည့်နေရာတွင်မျှ စနစ်တကျ စိုက်ပျိုးခြင်းမပြုချေ။ ဥယျာဉ်တွင် အပင်ပေါက်ကလေးများ ပေါက်ကြသော်လည်း၊ အနည်းအကျဉ်းမျှသာ အောင်မြင်သည်။ ဒပ်ချ အရှေ့အိန္ဒိယကျွန်းစုတွင် စောင်းလျားပင်ကို မျိုးပွားရာ၌ တစ်နှစ်သားအရွယ်အပင်ကလေးများမှ ကိုင်းဖြတ်ဆက်ခြင်း၊ မျက်ကွင်းလှီး၍ စိုက်ပျိုးခြင်းတို့ဖြင့် မျိုးပွားယူကြသည်။ အသီးများမှည့်လာသောအခါ ဟင်းသီးဟင်းရွက်အဖြစ် ငပိနှင့် စားလေ့ရှိကြသည်။ ထို့ပြင် သနပ်လုပ်၍ လည်းစားကြ သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Globinmed - Globinmed။ 25 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 August 2021 တွင် ပြန်စစ်ပြီး။
- ↑ House of Commons of the Parliament of Great Britain (1884)။ Parliamentary Papers, House of Commons and Command, Volume 54။ p. 203။ 30 May 2013 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)