Commons:Volunteer Response Team
Shortcuts: VRT • VRTS • COM:VRT • COM:VRTS
Current backlog (oldest unanswered mail or ticket) in permissions-commons queue is 5 days. |
Volunteer Response Team (VRT) (ယခင် Open-source Ticket Request System) ဆိုသည်မှာ Commons အပါအဝင် ဝီကီမီဒီယာ ပရောဂျက်များတွင် အီးမေးလ်အပြန်အလှန် ပြောဆိုထားမှုများကို စီမံခန့်ခွဲပြီး မှတ်တမ်းတင် သိမ်းဆည်းရန် ၂၀၀၄ ခုနှစ် စက်တင်ဘာလမှ စတင်အသုံးပြုသော ကိရိယာတစ်ခု ဖြစ်သည်။ Commons နှင့် ပတ်သက်၍ VTRS ကို အသုံးပြုရသည့် အဓိကအကြောင်းရင်းမှာ လိုင်စင် ခွင့်ပြုချက်များကို စိစစ်ရန်နှင့် မှတ်တမ်းတင်ရန် ဖြစ်သည်။
အချို့သော ကိစ္စရပ်များတွင် မူပိုင်ခွင့် ပိုင်ဆိုင်သူမှ ဖိုင်တစ်ဖိုင်အား အခမဲ့လိုင်စင်ဖြင့် ဖြန့်ချိသည်ဟူသော သက်သေသာဓကကို ထောက်ပြနိုင်ရန်အတွက် VTR သို့ အီးမေးလ်ပေးပို့ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။ ထိုကဲ့သိုသော သက်သေကို permissions-commonswikimedia.org (သို့မဟုတ် သက်ဆိုင်ရာ ဘာသာစကားသီးသန့် လိပ်စာတစ်ခု) သို့ ပေးပို့ရသည်။ VTRS ကို မူပိုင်ခွင့် ချိုးဖောက်ခြင်းများကို သတင်းပို့သော အီးမေးလ်များကို ကိုင်တွယ်ရန်အတွက်လည်း အသုံးပြုသည်။
VTRS သို့ ပေးပို့လာသော အီးမေးလ်များကို ယုံကြည်စိတ်ချရသော ဘာသာစကားမျိုးစုံအဖွဲ့ စေတနာ့ဝန်ထမ်းများက ကိုင်တွယ်ဖြေရှင်းသည်။ ဆက်စပ်သော အီးမေးလ်များ အတူတကွ ရှိစေရန်နှင့် လက်ခံရရှိသော စာများကို ရှာဖွေတွေ့ရှိနိုင်ရန်၊ နောက်ပိုင်းတွင် ပြန်လည်စစ်ဆေးနိုင်ရန် ခေါင်းစဉ်တစ်ခုချင်းစီအတွက် သီးသန့်ဖြစ်သော လက်မှတ်နံပါတ်များ သတ်မှတ်ပေးထားသည်။ လက်ခံရရှိသော အီးမေးလ်များကို အများပြည်သူက မြင်တွေ့နိုင်ခြင်း မရှိပေ။
လက်မှတ်တစ်ခုချင်းစီကို စေတနာ့ဝန်ထမ်းတစ်ဦးက ကြည့်ရှုသုံးသပ်သည်။ ခိုင်မာသော ခွင့်ပြုချက် လုံလောက်စွာပါဝင်ပါက စေတနာ့ဝန်ထမ်းက သက်ဆိုင်ရာဖိုင်(များ)ကို ကြည့်ရှုသုံးသပ်ပြီးကြောင်း အမှတ်အသားပြုသည်။ ခွင့်ပြုချက်အား အတည်မပြုနိုင်မီကာလအတွင်း ဖျက်ပစ်ပြီးဖြစ်သော မည်သည့်ဖိုင်ကိုမဆို စေတနာ့ဝန်ထမ်းအနေနှင့် ပြန်လည်ထိန်းသိမ်းရန်အတွက်လည်း ဆောင်ရွက်သည်။ သို့အတွက်ကြောင့် ဖျက်ပစ်ပြီးဖိုင်အား ပြန်လည်ရယူပေးရန် သီးခြားတောင်းဆိုနေရန် မလိုအပ်ပေ။ အကယ်၍ သက်သေသာဓက မလုံလောက်ပါက သက်ဆိုင်သူထံမှ နောက်ထပ်အချက်အလက်များကို စေတနာ့ဝန်ထမ်းမှ ထပ်မံတောင်းခံနိုင်သည်။ စေတနာ့ဝန်ထမ်းများသည် မည်သည့် မူပိုင်ခွင့်ချိုးဖောက်မှုများကိုမဆို ဖျက်ပစ်စေနိုင်ရန်အတွက်လည်း ဆောင်ရွက်ကြသည်။
လက်ရှိဆောင်ရွက်နေသော Commons VRT စေတနာ့ဝန်ထမ်းများ အရေအတွက်သည် လက်ခံရရှိသော အီးမေးလ်အရေအတွက်နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည်။ လက်တလော မဖြေရှင်းရသေးသော လက်မှတ်များတွင် အစောဆုံးရရှိခဲ့သည်မှာ 5 ရက်။ အတွေ့အကြုံရှိသော Commons တည်းဖြတ်သူများအနေဖြင့် ကျွန်ုပ်တို့၏ စေတနာ့ဝန်ထမ်းအဖွဲ့သို့ ဝင်ရောက်နိုင်ရန် အားပေးပါသည်။ သို့မှသာ ကျွန်ုပ်တို့၏ တုံပြန်မှုအချိန်များ မြန်ဆန်လာပါလိမ့်မည်။
VRTS လက်မှတ်များ၏ အခြေအနေကို VRT ကြေငြာသင်ပုန်း တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
အီးမေးလ်များကို စေတနာ့ဝန်ထမ်းအဖွဲ့မှ ကိုင်တွယ်ပါသည်။ စေတနာ့ဝန်ထမ်းများအားလုံးသည် လျှို့ဝှက်စွာ ကိုင်တွယ်ရမည်ဖြစ်သော်လည်း သင်၏ စာထဲတွင် ပါဝင်နေနိုင်သော အထိအရှမခံနိုင်သည့် အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းကိုင်တွယ်ရန် ဝီကီမီဒီယာ ဖောင်ဒေးရှင်း အနေဖြင့် အာမမခံနိုင်ပါ။ အသုံးပြုသူများအနေဖြင့် အမည်များ၊ နေရပ်လိပ်စာများနှင့် အီးမေးလ်များ အစရှိသော ဖန်တီးသူများ၏ ပုဂ္ဂိုလ်ရေးရာ သိသာနိုင်သော အချက်အလက်များကို ဖော်ပြရာတွင် ဂရုပြုရမည် ဖြစ်သည်။ |
VRT ကို ဘယ်အချိန်မှာ ဆက်သွယ်ဖို့ မလိုဘူးလဲ
သင်တင်လိုသော ဖိုင်နှင့် ပတ်သက်၍ အောက်ပါအချက်များတစ်ခုခုနှင့် ကိုက်ညီနေပါက သင့်အနေဖြင့် VRT သို့ ဆက်သွယ်ရန် မလိုအပ်ပါ။
ဖိုင်ကို အခမဲ့လိုင်စင်ဖြင့် မဖြန့်ချိထားသလို ကျွန်ုပ်တွင်လည်း ယင်းဖိုင်ကို အသုံးပြုခွင့် မရှိပါ။
ဖိုင်ကို ကျွန်ုပ်ကိုယ်တိုင် ဖန်တီးခဲ့ပြီး ယခင်က ဖြန့်ချိဖူးခြင်း မရှိသလို ကျွန်ုပ်သည်သာ ယင်း၏ တစ်ဦးတည်း မူပိုင်ခွင့်ပိုင်ဆိုင်သူ ဖြစ်သည်။
ပုံကို ကျွန်ုပ်၏ ဝဘ်ဆိုဒ်တွင်၊ သို့မဟုတ် မျှခံသုံးစွဲသော ဝဘ်ဆိုဒ်ရှိ ကျွန်ုပ်၏ ကိုယ်ပိုင်နေရာတွင် ဦးစွာ ဖြန့်ချိခဲ့သည်။
- ကျွန်ုပ်တို့ ဝဘ်ဆိုဒ်သည် Wordpress ကို အသုံးပြုပါသည်။
- ဝဘ်ဆိုဒ်တစ်ခုလုံးအား https://wiki.creativecommons.org/wiki/Adding_a_CC_mark_to_a_WordPress_blogCC-BY-SA လိုင်စင်]ဖြင့် သတ်မှတ်ရန် အလွယ်တကူဆောင်ရွက်နိုင်ပါသည်။
- ကျွန်ုပ်တို့ ဝဘ်ဆိုဒ်သည် Blogspot တွင် ရှိပါသည်။
- သင့် theme ကို အဆင့်မြှင့်တင်ရန် http://igotgenes.blogspot.com/2011/01/common-good-adding-creative-commons.html အဆင့်များအတိုင်း ဆောင်ရွက်ပါ]။
- ကျွန်ုပ်တို့သည် Flickr ပေါ်တွင် ဖြန့်ချိပါသည်။
- https://wiki.creativecommons.org/wiki/Flickr/Publish အဆင့်များအတိုင်း ဆောင်ရွက်ပါ။
- ကျွန်ုပ်တို့သည် YouTube ပေါ်တွင် ဖြန့်ချိပါသည်။
- https://support.google.com/youtube/answer/2797468 CC-BY ကို အသုံးပြုနိုင်သည်]။
ပုံကို Flickr ပေါ်မှ ရရှိခဲ့ပြီး ယင်းကို အခမဲ့လိုင်စင်ဖြင့် ဖြန့်ချိကြောင်း မှတ်သားထားသည်။
ပုံများကို လိုင်စင်သတ်မှတ်ခြင်း။ ဘယ်အချိန်မှာ VRT ကို ဆက်သွယ်ရမလဲ
အောက်ပါအချက်တစ်ခုခုနှင့် ကိုက်ညီနေပါက သင်သည် VRT စနစ်သို့ အီးမေးလ်မဖြစ်မနေ ပေးပို့ရမည် ဖြစ်သည်။
ကျွန်ုပ်ထံတွင် မူလဖန်တီးသူ (ကျွန်ုပ်မဟုတ်) ထံမှ Commons ပေါ်တွင် ဖိုင်တင်ရန်အတွက် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သည်။
အကယ်၍ ပုံသည် ဖျက်ပစ်ပြီး ဖြစ်ပါက ဖျက်ပစ်ပြီးဖြစ်သော အကြောင်းအရာကို ပြန်လည်မဖန်တီးပါနှင့်။ အီးမေးလ်တွင် ဖျက်လိုက်သော ပုံလင့်ခ် သို့မဟုတ် သင်၏ ဆွေးနွေးချက် စာမျက်နှာလင့်ခ် တို့ကို ထည့်သွင်းပေးပို့ခြင်းဖြင့် OTRS စေတနာ့ဝန်ထမ်း၏ လုပ်ဆောင်ချက်ကို ကူညီရာရောက်ပါသည်။
ကျွန်ုပ်သည် ကျွန်ုပ် ဖိုင်များ၏ မူပိုင်ခွင့် ပိုင်ဆိုင်သူဖြစ်သော်လည်း ယခင်က ကျွန်ုပ်ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိသော မီဒီယာများတွင် အခမဲ့လိုင်စင်မပါဘဲ ဖြန့်ချိခဲ့ပြီး ဖြစ်သည်။
ကျွန်ုပ်သည် မူပိုင်ခွင့်ပိုင်ရှင်၏ ဝန်ထမ်းတစ်ဦး ဖြစ်သည်။
ကျွန်ုပ်ဖန်တီးမှုများကို တစ်နေနေရာတွင် ပုံမှန် ဖြန့်ချိလေ့ရှိပြီး ကျွန်ုပ်၏ ပုံတင်မှုတိုင်းအား ခွင့်ပြုချက် ပေးပို့နေရခြင်းအား ရှောင်ကြဉ်လိုပါသည်။
ကျွန်ုပ်သည် မူပိုင်ခွင့် ပိုင်ဆိုင်သူဖြစ်ပြီး ကျွန်ုပ်၏ ဖိုင်သည် ခွင့်ပြုချက်မရှိဘဲ Commons တွင် လွှင့်တင်ခြင်း ခံထားရသည်။
သင်က မူပိုင်ခွင့် ပိုင်ဆိုင်သူ မဟုတ်ဘူးဆိုပါက
သင်သည် မူပိုင်ခွင့် ပိုင်ဆိုင်သူ မဟုတ်ဘဲ ဖန်တီးမှုတစ်ခုသည် public domain တွင် ရှိမနေခြင်း သို့မဟုတ် Commons နှင့် ကိုက်ညီသော အခမဲ့လိုင်စင် တစ်ခုခုနှင့် ရရှိနေနိုင်ပါက သင်သည် မူပိုင်ခွင့် ပိုင်ဆိုင်သူထံ ဆက်သွယ်ရန် လိုအပ်ပြီး သူ/သူမ၏ ဖန်တီးမှုကို Commons တွင် လွှင့်တင်နိုင်ရန်အတွက် ခွင့်ပြုချက် ရယူပါ။ အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ပါ။
- ဖိုင်အား Commons တွင် "မတင်မီ"၊ မူပိုင်ခွင့် ပိုင်ဆိုင်သူထံ ဆက်သွယ်အတည်ပြုပြီး သူ/သူမ၏ ဖန်တီးမှုကို အခမဲ့လိုင်စင်တစ်ခုခုအောက်တွင် ဖြန့်ချိရန် မေးမြန်းပါ။
- မူပိုင်ခွင့် ပိုင်ဆိုင်သူအနေဖြင့် Commons တွင် လက်ခံသော လိုင်စင်များအနက်မှ တစ်ခုကို ရွေးချယ်ရန် လိုအပ်ပြီး ဝီကီပီးဒီးယား သို့မဟုတ် ဝီကီမီဒီယာ ပရောဂျက်များတွင်သာ အသုံးပြုရန် ကန့်သတ်ချက်ကို လက်မခံပါ။ လိုအပ်သော ပုံစံဖြင့် ဖန်တီးသူထံမှ စာပြန်ရန် Commons:Email templates ကို ကြည့်ပါ။
- ပြန်ဆိုမှုကို လက်ခံရရှိပြီးပါက မူပိုင်ခွင့် ပိုင်ဆိုင်သူမှ ခွင့်ပြုသော လိုင်စင်သည် Commons နှင့် သင့်လျော်မှု ရှိမရှိ စစ်ဆေးပါ။ အကယ်၍ သင့်လျော်ပါက ပုံကို Commons သို့ upload တင်ပြီး
{{subst:OP}}
("OTRS Pending") စာတွဲကို ဖိုင်အကြောင်း ဖော်ပြချက် စာမျက်နှာတွင် မူပိုင်ခွင့် ပိုင်ဆိုင်သူ၏ သတ်မှတ်ထားသော လိုင်စင်နှင့် တကွ ထည့်သွင်းပါ။
- ယင်းနောက် ဖန်တီးသူအား သူတို့၏ ရှင်းလင်းသော ခွင့်ပြုချက် ကြေညာစာနှင့်တကွ Commons ရှိ ပုံ၏ လင့်ခ်နှင့် ယခင်က သင်နှင့် အပြန်အလှန် ပြောဆိုထားသည်များကို permissions-commonswikimedia.org သို့ ပေးပို့ရန် အကြောင်းကြားပါ။ ဖန်တီးသူအား ဖိုင်၏ မူလရင်းမြစ်နှင့် လိုင်စင်တို့ ပါဝင်စေရန် သတိပေးပါ။
- OTRS စေတနာ့ဝန်ထမ်း တစ်ဦးဦးမှ အီးမေးလ်ကို စစ်ဆေးပြီး ခွင့်ပြုချက်သည် လုံလောက်ပြီး အစစ်အမှန်ဖြစ်ပါက {{OTRS pending}} စာတွဲအား {{PermissionOTRS}} နှင့် အစားထိုးပြင်ဆင်ပေးပါလိမ့်မည်။
(သင်သည် မူပိုင်ခွင့် ပိုင်ဆိုင်သူဖြစ်ပြီး ယခင်က ဖြန့်ချိဖူးသည့် ဖန်တီးမှုကို Commons တွင် သင်ကိုယ်တိုင် တင်ခဲ့ပြီး ဖြစ်ပါက ခွင့်ပြုချက်အား သင်ကိုယ်တိုင် ရေးသားပေးပို့ပါ။)
စုံစမ်းမေးမြန်းမှုအားလုံးအတွက် သဘောတူကြောင်း တရားဝင်ကြေညာခြင်း
COM:CONSENT redirects here. For information about consent to deal with photographs of people, see Commons:Photographs of identifiable people.
If you have been directed to this page because you wish to release the rights to a file to which you own the copyright, please consider clicking on the link above rather than completing the following email template. The Interactive Release Generator is designed to make the process of releasing the rights to a file efficient and simple. The use of the following template, though still perfectly valid and certainly useful as a work of reference, is now discouraged and should only be used in exceptional circumstances. Thank you! Email message template for release of rights to a fileWe receive a large number of email messages from copyright holders wishing to allow Wikipedia to reuse their content (messages such as, "I allow Wikipedia to reuse my photos", etc.). Unfortunately, such statements are insufficient from a legal standpoint: we require a more specific declaration of consent to accept your permission. The following template will allow you to produce such a declaration.
I hereby affirm that I choose one: [am name] or [represent copyright holder's name], the choose one: [creator] or [sole owner] of the exclusive copyright of choose one: [the media work][1] or [the work depicted in the media][2] or [both the work depicted and the media][3] as shown here: [exact URL of the file uploaded on Wikimedia Commons],[4] and have legal authority in my capacity to release the copyright of that work. I agree to publish the above-mentioned content under the following free license: Creative Commons Attribution-Share Alike 4.0 International.[5] I acknowledge that by doing so I grant anyone the right to use the work, even in a commercial product or otherwise, and to modify it according to their needs, provided that they abide by the terms of the license and any other applicable laws. I am aware that this agreement is not limited to Wikipedia or related sites. I am aware that the copyright holder always retains ownership of the copyright as well as the right to be attributed in accordance with the license chosen. Modifications others make to the work will not be claimed to have been made by the copyright holder. I acknowledge that I cannot withdraw this agreement, and that the content may or may not be kept permanently on a Wikimedia project. [Sender's name]
|
ပုံစာမျက်နှာများတွင် အသုံးပြုရန် တမ်းပလိတ်များ
- OTRS သို့ ပေးပို့ထားပြီး အကြောင်းပြန်ကြားမှု မရရှိသေးပါက
{{subst:OP}}
စာတွဲကို ထည့်သွင်းခြင်းဖြင့် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အခြားသူများအား သိရှိစေနိုင်ပါသည်။ - ခွင့်ပြုချက် လက်ခံရရှိပြီး ဖြစ်သော်လည်း အခြားသော အချက်အလက်များ လိုအပ်နေဆဲ ဖြစ်ပါက OTRS စေတနာ့ဝန်ထမ်းများသည်
{{subst:OR|id=number}}
ကို အသုံးပြုနိုင်သည်။ ခွင့်ပြုချက် ရရှိပြီး လက်ခံပါက ဝီကီမီဒီယာ OTRS စနစ်တွင် မှတ်တမ်းတင် သိမ်းဆည်းပြီးကြောင်း {{PermissionOTRS|id=number}} ကို အသုံးပြုနိုင်သည်။ ခွင့်ပြုချက်မဲ့ အသုံးပြုခြင်းဖြင့် သတိပေးခြင်း ခံရမည် ဖြစ်သည်။ OTRS စေတနာ့ဝန်ထမ်းများအား PermissionOTRS gadget ကို အသုံးပြုရန် တိုက်တွန်းပါသည်။
နောက်ထပ်ကြည့်ရှုရန်
- Commons ပေါ်တွင်
- Email templates – အီးမေးလ်မှတဆင့် ခွင့်ပြုချက်ပေးရာတွင် ယင်းတို့ကို အသုံးပြုပါ
- OTRS Noticeboard – လက်မှတ် အတည်ပြုခြင်း သို့မဟုတ် အေးဂျင့်များအား မေးမြန်းခြင်း
- Guidance for paid editors
- စေတနာ့ဝန်ထမ်းများ စာရင်း
- WikiProject ခွင့်ပြုချက် တောင်းဆိုခြင်းများ
- Commons:Information team (VRT)
- အခြား ပရောဂျက်များတွင်
- meta:VRT/Volunteering တွင် OTRS စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်လိုသူများအတွက် အချက်အလက်များ ရှိပါသည်။
- အင်္ဂလိပ် ဝီကီပီးဒီးယားရှိ ခွင့်ပြုချက် တောင်းခံခြင်း နမူနာများ
- အင်္ဂလိပ် ဝီကီပီးဒီးယားရှိ မူပိုင်ခွင့် ခွင့်ပြုချက် တောင်းခံခြင်း
- အင်္ဂလိပ် ဝီကီပီးဒီးယားရှိ လိုင်စင်နှင့် ပတ်သက်၍ ဆက်သွယ်ရန် အချက်အလက်များ (အီးမေးလ်မှ တဆင့် ဓာတ်ပုံ ပေးပို့ခြင်း အပါအဝင်)
- Wikiportrait (Dutch) on Meta
- Public VRT coordination and policies on Meta